ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်ကာ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျေးရွာနေပြည်သူများထံ လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ရန်အတွက် အဆိုပါ ပန်ကြားချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)