ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ မန်ကျည်းပင်ကျေးရွာအုပ်စုတွင်တည်ရှိသော ကြို့ပင်ရိုးကျေးရွာကမ်းပြိုခြင်းကာကွယ်နိုင်ရန် ရေလမ်းကြောင်းပြောင်းလွှဲဖောက်လုပ်ခြင်းလုပ်ငန်းများပြုလုပ်ရန်အတွက် ထောက်ပံ့ငွေ သိန်းရှစ်ဆယ် (၈,၀၀၀,၀၀၀) တိတိအား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဒေသလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူး (ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန)တို့မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ပဲနွယ်ကုန်းမြို့ အုပ်ချုပ်ရေးမှူးမှ လက်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)