၂၀၁၇ ခုနှစ်၊ နွေရာသီကာလအတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သောက်သုံးရေဖြန့်ဝေပေးမှုနှင့် ရေတွင်း/ရေကန်များ ထောက်ပံ့ပေးမှုအ‌ခြေအနေသတင်း

17 Pic 01 17 Pic 02 17 Pic 03

၂၀၁၇ ခုနှစ်၊ နွေရာသီကာလတွင် သောက်သုံးရေရှားပါးပြတ်လပ်မှုဒဏ်ကိုခံစားနေရသည့် အတွက် ရေလိုအပ်ချက်များ ကူညီပေးပါရန် ပြည်သူများက ဦးစီးဌာန Call Center သို့ ဆက်သွယ် အကူအညီတောင်းခံလာမှုများအပေါ် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီးမှူးရုံးများက ကွင်းဆင်း စိစစ်၍ လည်းကောင်း၊ ဒေသအလိုက် လိုအပ်ချက်များအရသော်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာနမှ အခြားသောဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူများသောက်သုံးရေရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ထိုသို့ထောက်ပံ့လျက်ရှိရာ (၆-၄-၂၀၁၇) ရက်နေ့မှ (၃၀-၄-၂၀၁၇) ရက်နေ့အထိ တစ်လတာကာလအတွင်း တိုင်း‌ဒေသကြီး/ ပြည်နယ် (၆) ခုရှိမြို့နယ် (၂၀) မြို့နယ်၊ ကျေးရွာ (၄၆) ရွာရှိ လူဦးရေ (၄၃၉၄၀) ဦးသို့ သောက်သုံးရေ (၁၆၉,၀၀၀) ဂါလံ၊ သောက်ရေသန့် (၂၀ လီတာ) ပါ ဘူးပေါင်း (၆၃၀) ဘူးနှင့် (၁ လီတာ) ဝင် ဘူး (၆) ဘူးပါ ရေသန့် (၄၀၀) ကတ်တို့အား ဖြန့်ဝေပေးခဲ့ခြင်းအတွက် ငွေကျပ် (၅.၆၀၀) သန်း၊ ရေကန် (၇) ကန်၊ အဝီစိတွင်း (၁) တွင်း၊  အုတ်စီရေတွင်း (၁) တွင်း၊ ရေသန့်စက် (၃) လုံးတို့ အတွက် ငွေကျပ် (၅၉.၈) သန်း၊ စုစုပေါင်းငွေကျပ် (၆၅.၄၀၀) သန်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events