ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာအနီး၌ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် နေအိမ် (၃) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း လက်နက်ထိမှန်ခဲ့ပြီး လူ (၂) ဦးဒဏ်ရာရှိခဲ့ပါသည်။ အဆိုပါ ဒဏ်ရာရရှိလူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events