Author Archives: Hlaing ChoOo

  • လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၇) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး Online  တွင် ပိုမိုချိတ်ဆက်မှုအားကောင်းရေး၊ လှုပ်ရှားမှုများ အားလုံးသိရှိနိုင်ရန်အတွက် အဖွဲ့စနစ်ထူထောင်ပြီး ကျရောက်လာနိုင်မည့် သဘာဝဘေးများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးများအား အဖွဲ့များမှ ပါဝင်ဆွေးနွေးခဲ့ကြပါကြောင်းနှင့် အဆိုပါ တွေ့ဆုံပွဲသို့ လူမှုရေးအသင်းအဖွဲ့များမှ (၂၀) ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source:            ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်ဗီနိုင်းစိုက်ထူမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့ပန်ဟိုက်ရပ်ကွက် နယ်မြေ (၅) ပြန်ဆက်ရုံးရှေ့နှင့် နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် နယ်မြေ (၄) စည်ပင်သာယာစျေးအနီး ဗိုလ်ချုပ်လမ်းရှေ့တို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် မြေစိုက်ဗီနိုင်းများအား (၉-၆-၂၀၁၇) ရက်နေ့တွင် စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source:            လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကံသာယာကျေးရွာနှင့် နန်းစောင်းပုကျေးရွာတို့၌ (၇-၆-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၂) အိမ်ထောင်စာနှင့် အမိုးလန်နေအိမ် (၁၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၃၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၆) အိမ်ထောင်စာတို့အား (၁၂-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၁၇) ရက်နေ့နှင့် (၃၀-၅-၂၀၁၇) ရက်နေ့တွင်  ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇) စုမှ လုံးဝပြိုကျအိမ် (၁၂၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၃၀၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၄၄၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၁၆၀,၀၀၀) ကျပ် စုစုပေါင်း (၁၈,၄၆၀,၀၀၀) ကျပ်တို့အား ( ၁၁-၆-၂၀၁၇ ) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၆-၂၀၁၇) ရက်နေ့နှင့် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) စုမှ လုံးဝပြိုကျအိမ် (၈၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၆၀,၀၀၀) ကျပ်နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ် (၃၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၀၀,၀၀၀) ကျပ် စုစုပေါင်း (၆,၁၆၀,၀၀၀) ကျပ်တို့အား (၁၁-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • သဘာဝဘေးကြိုတင်ပြင်ဆင်ရေး ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် OCHA အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ (၁၃-၆-၂၀၁၇) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊  မင်းသူရိယခန်းမ၌ သဘာဝဘေးကြိုတင်ပြင်ဆင်ရေး ပူးပေါင်းအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီး၊ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားသို့ ပြည်နယ် နယ်လုံဝန်ကြီးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင် (၂၂) ဦးနှင့် (NGOs,INGOs,CSOs) အဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၆၀)ဦး၊ စုစုပေါင်း(၈၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)  

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးသည် (၁၂-၆-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့၊IDP စခန်းရှိ ဒေသခံ မီးသတ်တပ်ဖွဲ့ဝင် (၃၁၁) ဦးအတွက် ဆန်ရိက္ခာ (၁) နှစ်စာ ထောက်ပံ့ငွေ (၂၁.၅၂၈) သန်းအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ အတွင်းရေးမှူးထံသို့ ကိုယ်တိုင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) ဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်၊ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားအား (၁၂-၆-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၁၈-၆-၂၀၁၇) ရက်နေ့အထိ (၇) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် နေပြည်တော်ကောင်စီမှ ညွှန်ကြားရေးမှူး ဦးဖုန်းမြတ်သူမှ ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း သင်တန်းသားဦးရေ (၆၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)

  • ရေပြင်ကယ်ဆယ်ရှာဖွေရေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းတက်ရောက်နေကြသော မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ သင်တန်းသားများအား ဧရာဝတီမြစ်အတွင်း ရေပြင်ရှာဖွေရေးနှင့် ကယ်ဆယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခန်းကို (၁၂-၆-၂၀၁၇) ရက်နေ့ မွန်းလွဲ (၁) နာရီက သင်္ဘောဆိပ်တွင် ပြုလုပ်ခဲ့ရာ ရွှေကူမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:         ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ယာယီမိုးကာတဲများ ပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ ညောင်မောင်းကျေးရွာအုပ်စု၊ ညောင်မောင်း အ.မ.က ကျောင်းနှင့် စာတီတောင် မူလွန်ကျောင်းအတွက် ယာယီမိုးကာတဲ (၅) လုံးအား (၉-၆-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:          ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)    

Sign Up

Upcoming Events