ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နေပြည်တော်၊ ဒက္ခိဏခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားအား (၁၂-၆-၂၀၁၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၁၈-၆-၂၀၁၇) ရက်နေ့အထိ (၇) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် နေပြည်တော်ကောင်စီမှ ညွှန်ကြားရေးမှူး ဦးဖုန်းမြတ်သူမှ ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း သင်တန်းသားဦးရေ (၆၂) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)