ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းတက်ရောက်နေကြသော မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ သင်တန်းသားများအား ဧရာဝတီမြစ်အတွင်း ရေပြင်ရှာဖွေရေးနှင့် ကယ်ဆယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခန်းကို (၁၂-၆-၂၀၁၇) ရက်နေ့ မွန်းလွဲ (၁) နာရီက သင်္ဘောဆိပ်တွင် ပြုလုပ်ခဲ့ရာ ရွှေကူမြို့နယ် အထွေထွေအုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)