Author Archives: Hlaing ChoOo

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ ဘိလပ်မြေစက်ဝန်းနယ်မြေအတွင်း သစ်ပင်ပိမိ၍ ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀) ကျပ်တို့အား (၁၄-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာအုပ်စု၊ ကြာဖြူကျေးရွာ၌ (၁၃-၆-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ် (၅) ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၇) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပါသည်။ အဆိုပါ  ပြိုကျနေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၅) ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၇) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၅,၀၀၀) ကျပ်နှင့် လူဦးရေ (၆၃) … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့၊ (၀၉းဝ၀) နာရီအချိန်တွင် စစ်တွေမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက် ရေးလူငယ်သင်တန်းကျောင်းခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်းအား ဖွင့်လှစ်ခဲ့ပြီး ပြည်နယ် နယ်လုံဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူး (ကဆရ) မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်အဆင့် ဌာန ဆိုင်ရာမှ (၁၅) ဦးနှင့် သင်တန်းသား/သင်တန်းသူ (၅၄) ဦး၊ စုစုပေါင်း (၆၉) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၅-၆-၂၀၁၇) ရက်နေ့မှ (၁၇-၆-၂၀၁၇) ရက်နေ့ထိ … Read more

  • ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း

    ၁။        ယခုအချိန်ကာလသည် မိုးရွာသွန်းမှုများပြားသည့် အချိန်ကာလဖြစ်ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှရရှိသည့် မြေပြင်သတင်းများ၊ Social Media များမှ သတင်းအချက်အလက်များအရလည်း တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စတင် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂။         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့် ခွဲမှုဗဟိုဌာန (EOC) မှလည်း နိုင်ငံတကာ Website များတွင် စောင့်ကြည့်လေ့လာ၍ မိုးရွာသွန်းနိုင်သည့် အခြေအနေများ၊ မြစ်ရေအခြေအနေများကို ပြည်သူများသိရှိစေရေး အသိပေးလျက်ရှိပါသည်။ ၃။        ရေကြီးရေလျှံမှုများဖြစ်ပေါ်လေ့ရှိသည့်အချိန်ကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် ပုံမှန်ရေကြီး ရေလျှံခြင်းမျိုးသာမက မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မယ်ဇလီပင်ကုန်း ကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေဌ ခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်း … Read more

  • ဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုရာဆိုင်ကလုန်းမုန်တိုင်းဘေးကြောင့် ဘေးသင့်ခဲ့သော တောင်ကုတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာရှိ တစ်စိတ်တစ်ပို်င်း ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၁၄-၆-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်တွံတေးမြို့နယ်၊ ခလုပ်ကျေးရွာ၌ (၁၀-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ (၁) လုံးနှင့် ပြိုကျနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၃,၆၀၀) ကျပ်တို့အား ဘေးသင့်ပြည်သူများထံသို့ (၁၄-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြေပုံမြို့နယ်၊ ပဲကောက်ကျေးရွာအုပ်စု၊ ပဲကောက်ကျေးရွာ၌ (၇-၆-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်တို့အား (၁၄-၆-၂၀၁၇) ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • အလင်းဝင်မိသားစုများအတွက် ထပ်မံထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမဆောင်၌ အလင်းဝင်မိသားစု (၁၂၀) ဦးအတွက် ဆန်ရိက္ခာ (၁)လစာနှင့် လူသုံးကုန်ပစ္စည်းများထပ်မံထောက်ပံ့ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ရန်နောင်စိုးနှင့် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးုနှင့် အလင်းဝင်မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source:            မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • မိုးဆက်လက်ကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၇) မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် ထုတ်ပြန်ချက်)

    မိုးဆက်လက်ကြီးမည့်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၁၇)   ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression) ၏ အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုတန်းဒေသ)တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း (၁၁.၆.၂၀၁၇)ရက်နေ့မှ (၁၃.၆.၂၀၁၇)ရက်နေ့အထိ နေရာအနှံ့အပြားမိုးရွာခဲ့ပြီး၊ ဒေသအလိုက်မိုးကြီးခဲ့ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression)၏ အကြွင်းအကျန် တိမ်တိုက်များကြောင့် လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်(ရခိုင်ကမ်းရိုးတန်းဒေသ)တွင် မုတ်သုံလေအားကောင်းရာမှ အား အလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း နောက်(၇၂)နာရီအတွင်း ရခိုင်ပြည်နယ်တွင် မိုးဆက်လက်ကြီး နေမည်။ ရခိုင်ပြည်နယ်အတွင်း မိုးဆက်လက်ကြီးနေမည်ဖြစ်ပါသောကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် … Read more

Sign Up

Upcoming Events