သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်လှစ်မှုသတင်း

15 Pic 02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့၊ (၀၉းဝ၀) နာရီအချိန်တွင် စစ်တွေမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက် ရေးလူငယ်သင်တန်းကျောင်းခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်းအား ဖွင့်လှစ်ခဲ့ပြီး ပြည်နယ် နယ်လုံဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူး (ကဆရ) မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်အဆင့် ဌာန ဆိုင်ရာမှ (၁၅) ဦးနှင့် သင်တန်းသား/သင်တန်းသူ (၅၄) ဦး၊ စုစုပေါင်း (၆၉) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၅-၆-၂၀၁၇) ရက်နေ့မှ (၁၇-၆-၂၀၁၇) ရက်နေ့ထိ သင်တန်းကာလ (၃) ရက်တာဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source:            ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

 

Sign Up

Upcoming Events