ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာအုပ်စု၊ ကြာဖြူကျေးရွာ၌ (၁၃-၆-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ် (၅) ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၇) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပါသည်။ အဆိုပါ ပြိုကျနေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၅) ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၇) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၅,၀၀၀) ကျပ်နှင့် လူဦးရေ (၆၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၃၂,၃၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၁၃၇,၃၀၀) ကျပ်နှင့် Family Kit (၁၂) အိမ်တို့အား (၁၄-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)