ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်တွံတေးမြို့နယ်၊ ခလုပ်ကျေးရွာ၌ (၁၀-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ (၁) လုံးနှင့် ပြိုကျနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၃,၆၀၀) ကျပ်တို့အား ဘေးသင့်ပြည်သူများထံသို့ (၁၄-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)