ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမဆောင်၌ အလင်းဝင်မိသားစု (၁၂၀) ဦးအတွက် ဆန်ရိက္ခာ (၁)လစာနှင့် လူသုံးကုန်ပစ္စည်းများထပ်မံထောက်ပံ့ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ရန်နောင်စိုးနှင့် ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးုနှင့် အလင်းဝင်မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)