Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၉-၂၀၁၇) ရက်နေ့တွင် အမရပူရမြို့နယ်အတွင်းရှိ ရေဘေးဒဏ်ခံစားရလေ့ရှိသော ဘုန်းတော်နိုင်ငံကျေးရွာ မူလတန်း ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာသူ/သား စုစုပေါင်း အင်အား (၁၀၀) ဦးခန့်အားလည်းကောင်း အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား/သူများနှင့် ကျေးရွာသူ/သား စုစုပေါင်း အင်အား (၂၅၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ် ဒေသခံလူထု၏ လိုအပ် ချက်များကို မေးမြန်းပြီး အကြံပြုချက်တောင်းခံခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတ ခရိုင်အတွင်း မြန်အောင်မြို့နယ်၊ မဲခင်းချောင်းအုပ်စု၊ နန်းတော်ကျွန်းရွာ၊ ညောင်ဝိုင်းအုပ်စု ဇီးကုန်းကျွန်းရွာနှင့် ရင်းတိုက် ကုန်းအုပ်စု၊ ရင်းတိုက်ကုန်းရွာတို့တွင် (၃၁-၈-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၇၈) ဦးနှင့် (၁၀-၉-၂၀၁၇) ရက်နေ့နှင့် (၁၁-၉-၂၀၁၇) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၃) ဦး စုစုပေါင်း အိမ်ထောင်စု (၁၇) စုနှင့် … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင် အတွင်း ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု ကျောင်းကုန်းရွာနှင့် တလိုင်းကွင်းရွာတို့တွင် (၅-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးအတွက် အိမ်ထောင်စု (၂) စု၊ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး တန်ဖိုး (၁၆,၂၆၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၆,၇၆၀) ကျပ်တို့အား (၁၂-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ဒလယ်အက် ကျေးရွာတွင် ရေဝင် နစ်မြုပ်၍ မြေသားနူးအိကာ သစ်ပင်လဲကျ၍ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် Unicef Family Kits (၂၆) မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာ (၇) ရက်စာ(၁၀,၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်နေ့တွင် ဘော်လခဲခရိုင်ဦးစီးမှူးရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းသို့ ရပ်ကျေးအုပ်ချုပ် ရေးမှူးအပါအဝင် (၂၀) ဦးတက်ရောက်ခဲ့ပြီး ပြည်နယ်ကယ်ဆယ်ရေးဦးစီးဌာန၊ ဘော်လခဲခရိုင်မီးသတ်ဦးစီးဌာန၊ ဘော်လခဲခရိုင် မိုးဇလဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ ဆွေးနွေးပို့ချမည်ဖြစ် ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမား ကျား (၂၂) ဦး၊ မ (၃) ဦး စုစုပေါင်း (၂၅) ဦးအား သက်ဆိုင်ရာကော်မတီများနှင့်အတူ ပူးပေါင်းကြိုဆိုခဲ့ပြီး နေရပ်ပြန်ရန် ကားခမပါရှိသူ (၄) ဦးအတွက် ထောက်ပံ့ငွေ (၁၁၆,၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ နတ်ကျွန်းကျေးရွာအုပ်စု၊ ကင်မွန်းခါးကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များ ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၁၅၀) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ခေတ္တနေရပ်စွန့်ခွာတိုင်းရင်းသားများအတွက် လှူဒါန်းငွေများကို စနစ်တကျ ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
၁၂-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၁၁-၉-၂၀၁၇) ရက်နေ့တွင် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Janet E.Jackson အား အဆိုပါ ဝန်ကြီးရုံး၊ မေခလာ ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် UNFPA ဌာနေကိုယ်စားလှယ်က ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှု အကူ အညီပေးအပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းထားပါကြောင်း၊ အသုံးအဆောင်ပစ္စည်း များ ထောက်ပံ့ရန်အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိလူငယ်များ၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ် သူများအား … Read more
