ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင် အတွင်း ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု ကျောင်းကုန်းရွာနှင့် တလိုင်းကွင်းရွာတို့တွင် (၅-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးအတွက် အိမ်ထောင်စု (၂) စု၊ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး တန်ဖိုး (၁၆,၂၆၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၆,၇၆၀) ကျပ်တို့အား (၁၂-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events