ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၉-၂၀၁၇) ရက်နေ့တွင် အမရပူရမြို့နယ်အတွင်းရှိ ရေဘေးဒဏ်ခံစားရလေ့ရှိသော ဘုန်းတော်နိုင်ငံကျေးရွာ မူလတန်း ကျောင်း၌ ကျောင်းသား/ကျောင်းသူများနှင့် ကျေးရွာသူ/သား စုစုပေါင်း အင်အား (၁၀၀) ဦးခန့်အားလည်းကောင်း အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား/သူများနှင့် ကျေးရွာသူ/သား စုစုပေါင်း အင်အား (၂၅၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ် ဒေသခံလူထု၏ လိုအပ် ချက်များကို မေးမြန်းပြီး အကြံပြုချက်တောင်းခံခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)