ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတ ခရိုင်အတွင်း မြန်အောင်မြို့နယ်၊ မဲခင်းချောင်းအုပ်စု၊ နန်းတော်ကျွန်းရွာ၊ ညောင်ဝိုင်းအုပ်စု ဇီးကုန်းကျွန်းရွာနှင့် ရင်းတိုက် ကုန်းအုပ်စု၊ ရင်းတိုက်ကုန်းရွာတို့တွင် (၃၁-၈-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားသော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၅) စုမှ လူဦးရေ (၇၈) ဦးနှင့် (၁၀-၉-၂၀၁၇) ရက်နေ့နှင့် (၁၁-၉-၂၀၁၇) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၃) ဦး စုစုပေါင်း အိမ်ထောင်စု (၁၇) စုနှင့် လူဦးရေ (၉၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး တန်ဖိုးငွေ (၁၃၈,၂၁၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၉၁,၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၉၀,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂,၀၁၉,၃၁၀) ကျပ်တို့အား (၁၂-၉-၂၀၁၇) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)