Author Archives: Hlaing ChoOo
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၁၇) ရက်နေ့တွင် ဗန်းမော်မြို့ ခွန်သာရပ်ကွက် အမက (၂) မူလတန်းကျောင်းမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၇၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဝေငှခြင်းများကိုဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိ ပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မန္တလေးပညာရေးကောလိပ်၌ နောက်ဆုံးနှစ်ကျောင်းသား/ကျောင်းသူများနှင့် ကောလိပ်ဆရာ/ ဆရာမများအား သဘာဝဘေးစီမံခန့်ခွဲမှုဘာသာရပ်အား ဆွေးနွေးပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၅-၉-၂၀၁၇) ရက်နေ့တွင် မန္တလေးပညာရေးကောလိပ်၌ နောက်ဆုံးနှစ်ကျောင်းသား/ ကျောင်းသူများနှင့် ကောလိပ်ဆရာ/ဆရာမများ အင်အား (၃၅၀) ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခေါ် အဝေါ်များ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဘာသာရပ်ဖြစ်သည့် ထိတွေ့နိုင်ခြေထိခိုက်ခံရလွယ်မှုနှင့် ယင်း တို့ကို လျော့ချနိုင်သောနည်းလမ်းများ၊ ရပ်ရွာအခြေပြုသဘာဝဘေးစီမံခန့်ခွဲမှုသဘောတရားများကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှခြင်းများဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ငဝေကျေးရွာအုပ်စု၊ ကျားရဲပြင်ကျေးရွာ၌ (၁၄-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စု ၊ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၄,၇၀၀) ကျပ်တို့အား (၁၅-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရေလယ်ရွာမကျေးရွာ၊ အချင်းပြစ် (နောက်)၊ အချင်းပြစ် (မြောက်)၊ ဥယျာဉ်စု ကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် (၇-၉-၀၁) ရက်နေ့မှ (၈-၉-၂၀၁၇) ရက်နေ့အထိ ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၂၇) လုံး၊ အိမ်ထောင်စု (၁၂၇) စုမှ လူဦးရေ (၅၂၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၂,၇၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁,၁၀၄,၆၀၀) ကျပ် … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံ (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူသရမ်ဝေါလ် ဖယ်ဒရေးရှင်းမြန်မာ (LWF) အဖွဲ့နှင့်ပူးပေါင်း၍ (၁၃-၉-၂၀၁၇) ရက်နေ့မှ (၁၄-၉-၂၀၁၇) ရက်နေ့ထိ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံ (ဆင့်ပွား) သင်တန်းကို ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာမှ တစ်ရွာလျှင် (၄) ဦးနှုန်းဖြင့် သင်တန်းသား/သူ (၂၄) ဦးဖြင့် (၂) ရက်ကြာဖွင့် လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး မိုးကြိုးဘေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများအား ဖာပွန်မြို့ … Read more
-
ပြည်ထောင်စုလွှွတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်း
၁၄-၉-၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် ရေးကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။ အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက ဝန်ကြီးဌာန ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက် ချက်များကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊ ယနေ့ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးသည် မြန်မာ နိုင်ငံ၏ အရေးပင်ဖြစ်ပါကြောင်း၊ ကမ္ဘာနိုင်ငံအချို့က အမြင်တစ်မျိုးဖြင့် ပြောဆိုဝေဖန်ရှုံ့ချ … Read more
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ARSA အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြို့၊ အလိုတော်ပြည့် ဘုန်းကြီးကျောင်းစုရပ်သို့ ခိုလှုံရန်ရောက်ရှိလာသည့် မောင်တောမြို့နယ်ကျေးရွာများမှ အိမ်ထောင်စု (၄၇) စုအတွက် ကဆရပစ္စည်း (၉) မျိုး (၄၇) အိမ်ထောင်စာတို့အား (၁၅-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ARSA အကြမ်းဖက်ဖြစ် စဉ်ကြောင့် မောင်တောမြို့၊ သာသနာ့ဗိမာန်စုရပ်သို့ ထပ်မံခိုလှုံရန်ရောက်ရှိလာသည့် မောင်တော မြို့နယ်ကျေးရွာများမှ အိမ်ထောင်စု (၅၁) စုအတွက် ကဆရပစ္စည်း (၉) မျိုး အိမ်ထောင်စု (၅၁) စုစာတို့အား (၁၅-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ပထမ အကြိမ်အစည်းအဝေးကျင်းပပြုလုပ်
နေပြည်တော် ၊ စက်တင်ဘာ ၁၄ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရသစ်တာဝန်ရယူပြီးမကြာမီ ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့ကစတင်၍ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ (၄) ရပ်ကို ဖွဲ့စည်းပြီးလုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့်ဖြစ်စဉ်များမှာ ကာလရှည်ကြာ ြစ်ပွား ခဲ့ပြီး ရခိုင်ပြည်နယ်အရေးကို … Read more
-
(ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာပြီး ယာယီလာရောက်ခိုလှုံကြသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်ရှိ အောင်ဓမ္မရိပ်သာကျောင်းတိုက်၊ စိတ္တသုက္ခ ကမ္မဌာန်းကျာင်းတိုက်၊ ငါးစရိုင်းကျောင်းတိုက်၊ ဥတ္တရကျောင်းတိုက်၊ ဓါတ်ဦးကျောင်းတိုက်၊ ဟိန္ဒူ ဘုရားရှိခိုးကျောင်းသစ်၊ အောင်မြေ ကုန်း ကျောင်းတိုက်၊ စိတ္တသုခပရိယတ္တိကျောင်းတိုက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်သို့ နေရပ်စွန့်ခွာပြီး ယာယီလာရောက် ခိုလှုံကြသော အကြမ်းဖက်ဘေးရှောင် အိမ်ထောင်စု (၃၁၅) စု၊ လူဦးရေ (၁၀၅၈) ဦးတို့အတွက် စားနပ်ရိက္ခာ (၇) ရက်စာ ဆန် (၇၇) အိတ် (၃) ပြည် (၄) … Read more
