ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရေလယ်ရွာမကျေးရွာ၊ အချင်းပြစ် (နောက်)၊ အချင်းပြစ် (မြောက်)၊ ဥယျာဉ်စု ကျေးရွာနှင့် ဇီးကုန်းကျေးရွာတို့တွင် (၇-၉-၀၁) ရက်နေ့မှ (၈-၉-၂၀၁၇) ရက်နေ့အထိ ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၂၇) လုံး၊ အိမ်ထောင်စု (၁၂၇) စုမှ လူဦးရေ (၅၂၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၂,၇၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁,၁၀၄,၆၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၃,၈၀၄,၆၀၀) ကျပ်တို့အား (၁၅-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)