(ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာပြီး ယာယီလာရောက်ခိုလှုံကြသော  အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

 

15 Pic 02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်ရှိ အောင်ဓမ္မရိပ်သာကျောင်းတိုက်၊ စိတ္တသုက္ခ ကမ္မဌာန်းကျာင်းတိုက်၊ ငါးစရိုင်းကျောင်းတိုက်၊ ဥတ္တရကျောင်းတိုက်၊ ဓါတ်ဦးကျောင်းတိုက်၊ ဟိန္ဒူ ဘုရားရှိခိုးကျောင်းသစ်၊ အောင်မြေ ကုန်း ကျောင်းတိုက်၊ စိတ္တသုခပရိယတ္တိကျောင်းတိုက်၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်သို့ နေရပ်စွန့်ခွာပြီး ယာယီလာရောက် ခိုလှုံကြသော အကြမ်းဖက်ဘေးရှောင် အိမ်ထောင်စု (၃၁၅) စု၊ လူဦးရေ (၁၀၅၈) ဦးတို့အတွက် စားနပ်ရိက္ခာ (၇) ရက်စာ ဆန် (၇၇) အိတ် (၃) ပြည် (၄) ဗူး၊ ပဲ (၁၇၅.၅) ပိဿာ၊ ဆီ (၁) လီတာ (၃၁၅) ဗူး၊ ဆား (၇၈.၇၅) ပိဿာတို့အား (၁၄-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events