ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူသရမ်ဝေါလ် ဖယ်ဒရေးရှင်းမြန်မာ (LWF) အဖွဲ့နှင့်ပူးပေါင်း၍ (၁၃-၉-၂၀၁၇) ရက်နေ့မှ (၁၄-၉-၂၀၁၇) ရက်နေ့ထိ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံ (ဆင့်ပွား) သင်တန်းကို ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာမှ တစ်ရွာလျှင် (၄) ဦးနှုန်းဖြင့် သင်တန်းသား/သူ (၂၄) ဦးဖြင့် (၂) ရက်ကြာဖွင့် လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး မိုးကြိုးဘေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများအား ဖာပွန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)