ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၅-၉-၂၀၁၇) ရက်နေ့တွင် မန္တလေးပညာရေးကောလိပ်၌ နောက်ဆုံးနှစ်ကျောင်းသား/ ကျောင်းသူများနှင့် ကောလိပ်ဆရာ/ဆရာမများ အင်အား (၃၅၀) ခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခေါ် အဝေါ်များ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဘာသာရပ်ဖြစ်သည့် ထိတွေ့နိုင်ခြေထိခိုက်ခံရလွယ်မှုနှင့် ယင်း တို့ကို လျော့ချနိုင်သောနည်းလမ်းများ၊ ရပ်ရွာအခြေပြုသဘာဝဘေးစီမံခန့်ခွဲမှုသဘောတရားများကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှခြင်းများဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)