၁၄-၉-၂၀၁၇၊ နေပြည်တော်
ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် ရေးကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ၏ အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ဥက္ကဌ သူရဦးရွှေမန်းက ဝန်ကြီးဌာန ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက် ချက်များကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊ ယနေ့ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးသည် မြန်မာ နိုင်ငံ၏ အရေးပင်ဖြစ်ပါကြောင်း၊ ကမ္ဘာနိုင်ငံအချို့က အမြင်တစ်မျိုးဖြင့် ပြောဆိုဝေဖန်ရှုံ့ချ ခြောက်လှန့် ခြင်းများ ဆောင်ရွက်နေသည့်အတွက် မြန်မာနိုင်ငံ၏ ပကတိအခြေအနေအမှန်၊ သမိုင်းကြောင်း၊ လူမျိုး နွယ်စုများ၏ အခြေအနေကို ကမ္ဘာကသိရှိရန်လိုအပ်ပါသဖြင့် အခြေအနေမှန်များကို သုံးသပ်ဖေါ်ထုတ် ဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးအနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာဒေသသို့ အစောဆုံး ရောက်ရှိသွား ရောက်နိုင်ခြင်းသည် ကောင်းမွန်သော ဆောင်ရွက်ချက်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပြည်သူများကလည်း ပိုမိုသိမြင်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဒုက္ခရောက်နေကြ သောတိုင်းရင်းသားများနှင့် ပြည်သူအပေါင်းကို စာနာသနားပြီး လုံခြုံရေး၊ အစားအသောက်၊ ဆေးဝါး၊ အဝတ်အစား၊ နေရာထိုင်ခင်းတို့ကို စီစဉ်ပေးမှုပြုနေသော နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ နောက်ဆက်တွဲပြသနာများကို တည်ငြိမ်စွာဖြေရှင်းရန်နှင့် နောင် ဤအဖြစ် ဆိုးမျိုးမဖြစ်ရန် သင်ခန်းစာယူဆောင်ရွက်နေခြင်းကိုလည်း သိမြင်ပါကြောင်း၊ ဖြစ်ပျက်မှုအပေါ် နိုင်ငံ ရေးအမြတ်ထုတ်ခြင်း၊ တည်ငြိမ်အေးချမ်းရေး၊ ဒေသနှင့်နိုင်ငံလုံခြုံရေးကို မထိခိုက်ရန်မှာ ပြည်သူ အားလုံး တွင် တာဝန်ရှိပါကြောင်း၊ ခြံစည်းရိုးလုံဖို့လိုသလို နိုင်ငံတည်ဆောက်ရေးနှင့် တိုးတက်ရေးကို မှန်ကန်သော မျိုးချစ်စိတ်၊ မှန်ကန်သောနည်းလမ်းများဖြင့် ညီညွတ်စွာဆောင်ရွက်ကြရန်လိုကြောင်းပြောကြားပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များက လှူဒါန်းငွေကျပ် သိန်း (၅၀) ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိသည်။
Source: MSWRR