Author Archives: Hlaing ChoOo
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း (၁၉-၉-၂၀၁၇) ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်/ ကျေးရွာ (၁၇) ခုရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၁၈၂) လုံး၊ အိမ်ထောင်စု (၁၂၃၂) စုမှ လူဦးရေ (၅၃၀၃) ဦးသည် နီးစပ်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆွေမျိုးများနေအိမ်နှင့် ကျေးရွာဓမ္မာရုံများသို့ ယာယီပြောင်းရွှေ့ခိုလှုံလျက်ရှိရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များက သက်ဆိုင်ရာဒေသအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယာယီပြောင်းရွှေ့ အိမ်ထောင်စုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ဆန်ရိက္ခာဖိုးငွေ … Read more
-
သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း၌ သင်ခန်းစာများဆွေးနွေးပို့ချမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထွေ/အုပ် ဦးစီးဌာနတွင် Myanmar Red Cross Society မှ (၆-၉-၂၀၁၇) ရက်နေ့မှ (၂၀-၉-၂၀၁၇) ရက်နေ့အထိ ကျင်းပပြုလုပ်သည့် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ် ကြောင့် ထိခိုက်နိုင်ခြေစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူတစ်ဦးမှ (၂၀-၉-၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲမှု စနစ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများနှင့် ဖွဲ့စည်း ဆောင်ရွက်မှုသင်ခန်းစာများ ဆွေးနွေးပို့ချခဲ့ပြီး ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သဘာဝဘေးအန္တရာယ်နှင့် … Read more
-
ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၁၇) ရက်နေ့မှစ၍ မိုးရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သော ကလေးခရိုင်၊ ကလေးမြို့နယ်မှ ပြောင်းရွှေ့အိမ်ခြေ (၅၄၇) အိမ်ထောင်စုမှ လူဦးရေ (၂၂၉) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၄,၈၁၃,၂၀၀) ကျပ် တို့အား ဘေးဖြစ်ပွားရာဒေသသို့ တိုင်းဒေသကြီးလွှတ်တော်အမတ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ မြို့နယ်စီမံကိန်း ဦးစီးမှူး၊မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ (၂၀-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC) မှ Ms. Renata Dessallien ဦးဆောင်သောအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု ဒုတိယလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံ
၁၉-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား United Nations Resident Coordinator (UNRC) မှ Ms.Renata Dessallien ဦးဆောင်သောအဖွဲ့နှင့်အမေရိကန်ပြည်ထောင်စု ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Patrick Murphy နှင့်အဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့နေ့လည်ပိုင်းက သီးခြားစီလာရောက်တွေ့ ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် Ms. Renata Dessallien က နိုင်ငံတော်အစိုးရ၏ ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်မှု များအား အသိအမှတ်ပြုဝမ်းမြောက်ပါကြောင်း၊ လတ်တလောစားဝတ်နေရေး ထောက်ပံ့မှုများအပြင် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၁၇) ရက် နေ့တွင် ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၃၄၂) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်းနှင့် အသိ ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းအား (၁၉-၉-၂၀၁၇) ရက် နေ့တွင် သင်တန်းသား/သင်တန်းသူ (၅၂) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်တာ ကြာမြင့်မည် ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းအဖွင့်အမှာစကားပြောကြားခြင်း၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် အသုံးပြုရန်အတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့ရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် အသုံးပြုရန်အတွက် (၇’) အမိုးသွပ် အချပ် (၇၀၀) အားလည်းကောင်း၊ ရွှေမြင်သာဘုန်းတော်ကြီးကျောင်း ကြူဆော့ကယ်ဆယ်ရေးစခန်းတွင် အဝီစိတွင်းတူး ဖော်ရန်အတွက် ထောက်ပံ့ငွေ (၁,၅၀၀,၀၀၀) ကျပ်တို့အား ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှလည်းကောင်း (၁၉-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ သပြေတောကျေးရွာ၌ (၁၆-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၁) လုံးနှင့် အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀) ကျပ်တို့အား (၁၈-၉-၂၀၁၇) ရက်နေ့တွင် မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန တာဝန်ရှိသူတစ်ဦးထံသို့ လဲွှပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ တောင်စကိုင်းကျေးရွာ၌ (၁၆-၉-၂၀၁၇) ရက်နေ့တွင် မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာမှ မိုးကြိုးစက်ကွင်းထိ၍ ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား ကံမမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးနှင့် အတူ (၁၈-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
