ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းအား (၁၉-၉-၂၀၁၇) ရက် နေ့တွင် သင်တန်းသား/သင်တန်းသူ (၅၂) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်တာ ကြာမြင့်မည် ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းအဖွင့်အမှာစကားပြောကြားခြင်း၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)