တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် အသုံးပြုရန်အတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့ရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် အသုံးပြုရန်အတွက် (၇’) အမိုးသွပ် အချပ် (၇၀၀) အားလည်းကောင်း၊ ရွှေမြင်သာဘုန်းတော်ကြီးကျောင်း ကြူဆော့ကယ်ဆယ်ရေးစခန်းတွင် အဝီစိတွင်းတူး ဖော်ရန်အတွက် ထောက်ပံ့ငွေ (၁,၅၀၀,၀၀၀) ကျပ်တို့အား ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှလည်းကောင်း (၁၉-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events