Author Archives: Hlaing ChoOo
-
လူမှုသဟဇာတဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ၄.၁၂.၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီ အစဉ် (UNDP)တို့ပူးပေါင်းပြီး လူမှုသဟဇာတဆိုင်ရာအရည်အသွေးမြှင့်တင်ရေးအဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲကို ၃.၁၂.၂၀၁၇ ရက်နေ့ (၁၅:၀၀)နာရီတွင် နေပြည်တော်၊ Kempinski Hotel တွင် ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကလူမှုသဟဇာတဆိုသည်မှာ မတူကွဲပြားခြားနားသည့် လူမှုအသိုင်းအဝိုင်းများ ကို ရင်းနှီးပေါင်းစည်းမှုဖြစ်စေသည့်အတွက် အရေးကြီးပါကြောင်း၊ မတူကွဲပြားခြားနားမှုများကို အပေါင်း လက္ခဏာဆောင်သည့် ရှုမြင်သုံးသပ်မှုနှင့် အတူပေါင်းကူးပေးလိုက်ပါက လူမှုရေးအရည်အသွေးများ ပြည့်၀ လာပြီး ပြောင်းလဲတိုးတက်မှုများရရှိလာမည် ဖြစ်ကြောင်း၊ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ချမ်းမြသာစည်မြို့နယ်၌ (၃၀-၁၁-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့ သော ပျက်စီးနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၈,၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁၄) အိမ်ထောင်စုစာနှင့် Hygiene Kits (၁၄) စုံတို့အား (၁-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်အရ – လေဖိအားနည်းရပ်ဝန်းအခြေအနေ -ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟုခန့်မှန်းရပါသည်။
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်း ကျေးရွာ(ရွာမ) ၌(၂၈-၁၁-၂၀၁၇) ရက်နေ့တွင် ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀) ကျပ်တို့အား (၁-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၁၇) ရက်နေ့၊(၀၈:၃၀) နာရီအချိန်တွင် ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး မှူးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ် ခြင်းဆိုင်ရာများ ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်း (၂၇) ဦးနှင့်သင်တန်းသား/ သင်တန်းသူ (၃၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁-၁၂-၂၀၁၇) ရက်နေ့မှ (၃-၁၂-၂၀၁၇) ရက်နေ့အထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်နေစဉ်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၂၈-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၂) လုံး အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀၀) တို့အား (၃၀-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် အာရှ-ပစိဖိတ်ဒေသတွင်း မသန်စွမ်းသူများ အတွက် ဆယ်စုနှစ်ဆောင်ရွက်မှု ကြားကာလသုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ဝန်ကြီးအဆင့်အစည်း အဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်
(၃၀.၁၁.၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော အာရှ-ပစိဖိတ်ဒေသ တွင်း မသန်စွမ်းသူများအတွက် ဆယ်စုနှစ်ဆောင်ရွက်မှု ကြားကာလသုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ဝန်ကြီးအဆင့်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် တက်ရောက်ခဲ့ ပါသည်။ အစည်းအဝေးအား အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ် (၂၀၁၃-၂၀၂၂) နှင့် အင်ချွန်းမဟာဗျူဟာတို့ကို ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် ကွာဟချက်နှင့် စိန်ခေါ်မှုများအပါ အဝင် တိုးတက်ပြောင်းလဲမှုအခြေအနေအား ပြန်လည်သုံးသပ်ရန် ရှေ့ဆက်ဆောင်ရွက်မည့်မူဝါဒ … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာနှင့် သောင်ကြီး အထက်ပိုင်းကျေးရွာတို့၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြစ်ဆယ်ကျေးရွာနှင့် သောင်ကြီး အထက်ပိုင်းကျေးရွာတို့၌ (၂၉-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၃၅,၇၀၀) ကျပ်၊ စုစုပေါင်း (၄၃၅,၇၀၀) ကျပ်တို့အား (၃၀-၁၁-၂၀၁၇) ရက်နေ့တွင် … Read more
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၈-၁၁-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့၊ အညာဖျားမူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ အင်အား (၁၅၅) ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်း စာစောင်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၂၈-၁၁-၂၀၁၇) ရက်နေ့တွင် အ.ထ.က သရက်ချောင်း၌ ကျောင်းသား/ကျောင်းသူ အင်အား (၃၀၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်း၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
