တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် အာရှ-ပစိဖိတ်ဒေသတွင်း မသန်စွမ်းသူများ အတွက် ဆယ်စုနှစ်ဆောင်ရွက်မှု ကြားကာလသုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ဝန်ကြီးအဆင့်အစည်း အဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်

1 Pic 02

(၃၀.၁၁.၂၀၁၇) ရက်နေ့၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသော အာရှ-ပစိဖိတ်ဒေသ တွင်း မသန်စွမ်းသူများအတွက် ဆယ်စုနှစ်ဆောင်ရွက်မှု ကြားကာလသုံးသပ်ရေးဆိုင်ရာ အစိုးရများအကြား ဝန်ကြီးအဆင့်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် တက်ရောက်ခဲ့ ပါသည်။                               အစည်းအဝေးအား အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ မသန်စွမ်းသူများဆိုင်ရာ ဆယ်စုနှစ် (၂၀၁၃-၂၀၂၂) နှင့် အင်ချွန်းမဟာဗျူဟာတို့ကို ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့် ကွာဟချက်နှင့် စိန်ခေါ်မှုများအပါ အဝင် တိုးတက်ပြောင်းလဲမှုအခြေအနေအား ပြန်လည်သုံးသပ်ရန် ရှေ့ဆက်ဆောင်ရွက်မည့်မူဝါဒ လမ်းညွှန် ချက်တို့ကို ဆွေးနွေးရန်၊ ကျန်ရှိသောဆယ်စုနှစ်ဝက်အတွက် အကောင်အထည်ဖေါ်ခြင်းတို့ကို မြှင့်တင်ရန်နှင့် ကြေညာချက် တစ်ရပ် ဆွေးနွေးချမှတ်ရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ် ပါ သည်။

၎င်းအစည်းအဝေးသို့ အာရှနှင့် ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံပေါင်း(၃၅)နိုင်ငံမှ အစိုးရအဖွဲ့အစည်း များ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မသန်စွမ်းမှု ဆက်စပ်အဖွဲ့အစည်းတို့မှ ကိုယ်စား လှယ် စုစုပေါင်း(၄၀၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ နည်းဥပဒေ၊ အမျိုးသားကော်မတီဖွဲ့စည်းခြင်း၊ မသန်စွမ်းမှုနှင့်ဆက်စပ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေ အနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးတို့အပြင် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကွန်ဗင်းရှင်း၊ အင်ချွန်းမဟာဗျူဟာနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များအကြား ဆက်စပ် ဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ဆွေးနွေး နိုင်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများတွင် လက်ရှိဆောင်ရွက်နေသော အင်ချွန်း မဟာဗျူဟာနှင့် လူတိုင်းအကျုံးဝင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံကောင်းများ၊ အခက်အခဲများ စသည် တို့ကို လေ့လာသိရှိနိုင်ခဲ့သည့်အပြင် မသန်စွမ်းမှုဆိုင်ရာ နည်းပညာနှင့် လူစွမ်းအားအရင်း အမြစ်များကို ပိုမို ရရှိနိုင်မည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ကိုရီးယားနိုင်ငံအစိုးရ၏ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ အာရှနှင့် ပစိဖိတ်ဒေသ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events