သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

1 Pic 01

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၁၇) ရက်နေ့၊(၀၈:၃၀) နာရီအချိန်တွင် ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး မှူးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်လှစ် ခြင်းဆိုင်ရာများ ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့  ဌာနဆိုင်ရာဝန်ထမ်း (၂၇) ဦးနှင့်သင်တန်းသား/ သင်တန်းသူ (၃၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁-၁၂-၂၀၁၇) ရက်နေ့မှ (၃-၁၂-၂၀၁၇) ရက်နေ့အထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events