ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ချမ်းမြသာစည်မြို့နယ်၌ (၃၀-၁၁-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့ သော ပျက်စီးနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀) ကျပ်၊ လူဦးရေ (၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၈,၇၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁၄) အိမ်ထောင်စုစာနှင့် Hygiene Kits (၁၄) စုံတို့အား (၁-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)