ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်း ကျေးရွာ(ရွာမ) ၌(၂၈-၁၁-၂၀၁၇) ရက်နေ့တွင် ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀) ကျပ်တို့အား (၁-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:       မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events