Author Archives: Hlaing ChoOo

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၁၇)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ ရွှေပြည်အေးရပ်ကွက်အတွင်းရှိ ပြည်သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် သဘာဝဘေးလက်ကမ်းစာစောင်များနှင့် နံရံ ကပ်ဗီနိုင်းဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:       မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်တုံ့ပြန်နိုင်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

    နေပြည်တော် ၁၄-၁၂-၂၀၁၇ ရက်နေ့ ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ခြင်းနှင့် အမျိုးသား အဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် ရေးဆွဲရေးဆိုင်ရာ ကနဦးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းကနေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထာ: ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို ခံစား နေရပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ရေကြီးရေလျှံခြင်း၊ နွေရာသီတွင်ရေရှားပါးခြင်းတို့အပြင် ငလျင်လှုပ်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းအစရှိသည့် သဘာဝ ဘေးအမျိုးမျိုးကြုံတွေ့ရပါကြောင်း၊ ရာသီဥတုပြောင်းမှုနှင့် … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ (၈-၁၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၉) စု၊ လူဦးရေ (၃၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၈၁,၉၀၀) ကျပ်တို့အား (၁၃-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအုပ်စု၊ လယ်ဘဲ့(မ)ကျေးရွာ၌ (၆-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀)ကျပ်တို့အား (၁၃-၁၂-၂၀၁၇) ရက်နေ့တွင် ပေါက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့မံမော်ကျေးရွာမှ မိုင်းထိဒဏ်ရာရသူ (၁)ဦးအတွက် ထောက်ပံ့ ငွေ (၅၀,၀၀၀) ကျပ်အား (၁၂-၁၂-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:       ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • UEHRD လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး World Bank နှင့် UNHCR မှ တာဝန်ရှိသူများ ပြည်ထောင်စုဝန်ကြီးထံ သီးခြားစီလာရောက်တွေ့ဆုံ

    ၁၂.၁၂.၂၀၁၇၊ နေပြည်တော် UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကမ္ဘာ့ဘဏ်၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဥက္ကဌ Ms.Victoria Kwakwa ဦးဆောင်သောအဖွဲ့နှုင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာညှိနှိုင်းရေးမှူး Mr. Jame Lynch ဦးဆောင်သောအဖွဲ့တို့က ယနေ့တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံခဲ့ပါသည်။ ကမ္ဘာ့ဘဏ်အဖွဲ့နှင့်တွေ့ဆုံရာတွင် UEHRD ၏ ရည်မှန်းချက်များနှင့်ကိုက်ညီအောင် ရေးဆွဲ ထားသည့် ကမ္ဘာ့ဘဏ်၏ အဆိုပြုစီမံကိန်းတစ်ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရများ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာဖွံ့ဖြိုးမှုမိတ်ဖက်များ အားလုံးပူးပေါင်းပါဝင်၍ အကောင်အထည်ဖော်ဆောင် … Read more

  • ဘေးအန္တရာယ်များကို အချိန်မရွေး ရင်ဆိုင်တုန့်ပြန်နိုင်ရေး အရေးပေါ်စီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြော

    နေပြည်တော်၊ ၁၂-၁၂-၂၀၁၇ အပူပိုင်းမုန်တိုင်းဖြစ်ပေါ်မှုများအတွက် ကြိုတင်ပြင်ဆင်မှုနှင့်စပ်လျဉ်းသည့် အရေးပေါ်စီမံချက်ရေးဆွဲ ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံသည် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေများသည့် နိုင်ငံဖြစ်ပါကြောင်း၊ မိုးကြိုးကာလဖြစ်သည့် ဧပြီလနှင့်မေလ၊ မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ဆိုင်ကလုန်းမုန်တိုင်းကျရောက်လေ့ရှိပါကြောင်း၊ ပြီးခဲ့သည့်နှစ်ပေါင်း(၄၀)ကာလအတွင်း ဖြစ်ပွားခဲ့သည့် မုန်တိုင်းများအနက် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းသည် လူပေါင်း (၁၄၀၀၀၀)ကျော် သေဆုံး … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၈/၂၀၁၇)ဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် (၁၂-၁၂-၂၀၁၇) ရက်နေ့မှ (၁၄-၁၂-၂၀၁၇) ရက်နေ့အထိ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၈/၂၀၁၇) အား စေတနာ့ဝန်ထမ်းလူငယ်သင်တန်းသား/သင်တန်းသူ (၃၀) ဦးနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်း (၂၅) ဦး စုစုပေါင်း (၆၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:          ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)  

Sign Up

Upcoming Events