ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအုပ်စု၊ လယ်ဘဲ့(မ)ကျေးရွာ၌ (၆-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀)ကျပ်တို့အား (၁၃-၁၂-၂၀၁၇) ရက်နေ့တွင် ပေါက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)