နေပြည်တော် ၁၄-၁၂-၂၀၁၇ ရက်နေ့
ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းမြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ခြင်းနှင့် အမျိုးသား အဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် ရေးဆွဲရေးဆိုင်ရာ ကနဦးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းကနေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထာ: ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို ခံစား နေရပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ရေကြီးရေလျှံခြင်း၊ နွေရာသီတွင်ရေရှားပါးခြင်းတို့အပြင် ငလျင်လှုပ်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းအစရှိသည့် သဘာဝ ဘေးအမျိုးမျိုးကြုံတွေ့ရပါကြောင်း၊ ရာသီဥတုပြောင်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း အားနည်းမှုတို့သည် သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုများကိုပိုမိုစေပါကြောင်း၊ မိမိတို့ နိုင်ငံသည် အယ်လ်ပိုင်း ငလျင်ကြောကြီးပေါ်တွင်တည်ရှိနေ၍ မြန်မာနိုင်ငံ၏ မြောက်ဖျားဒေသမှ တောင်ပိုင်း(မုတ္တမကွေ့)အထိ ဒေသအတော်များများသည် ငလျင်ကြော၊ ပြတ်ရွေ့ကြောအတွင်း ကျရောက်နေပါကြောင်း၊ ထို့ကြောင့် ငလျင်အန္တရာယ်ရင်ဆိုင်ရနိုင်ခြေများပါကြောင်း၊ ပြည်သူများ အနေဖြင့် အမြဲသတိရှိရန်လိုကြောင်း၊ ကမ်းရိုးတန်းဒေသနေပြည်သူများအနေဖြင့် ငလျင်ကြောင့် ဆက်စြပ်ပီးဖြစ်ပေါ်လာနိုင်သည့် ဆူနာမီဘေးအန္တရာယ်ကိုလည်း သတိပြုရန်လိုကြောင်း၊ ဘေးအန္တ ရာယ်ကြောင့် ပျက်ဆီးဆုံးရှံးမှုများတွင် ရုပ်ပိုင်းဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုများရှိပြီး မြင်တွေ့ရခက်ခဲသည့် ကျန်းမာရေး၊ပညာရေး၊ယဉ်ကျေးမှုအမွေအနှစ် ထိခိုက်ပျက်စီးဆုံးရှုံး မှုများကိုလည်း ထည့်သွင်းစဉ်းစား ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ယင်းအောက်တွင် လုပ်ငန်းကော်မတီ (၁၂)ရပ်ကို ဖွဲ့စည်းထားရှိပြီး ပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ဒေသအလိုက်နှင့် ရာသီဥတုအနေအထားပေါ်မူတည်ပြီး ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေငလျင်နှင့် ပတ်သက်၍ ထိခိုက်ဆုံရှုံးနိုင်ခြေလျှော့ချရေးကို ထိထိရောက်ရောက်ဖြစ်စေရေး ကျွမ်းကျင်ပညာရှင် များနှင့် ပြည်သူများပါဝင်သည့် ငလျင်ဖိုရမ်များကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့တွင်ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါဖိုရမ်မှရရှိသည့် ရလဒ်များနှင့်အညီ ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး စီမံချက်ရေးဆွဲခြင်းတို့ကို ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ငလျင်ဘေးအန္တရာယ်ကျရောက် နိုင်ခြေ များသည့်ဒေသများတွင် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်များ ရေးဆွဲခြင်း၊ ငလျင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဖြန်ဝေခြင်းနှင့် ပြည်သူလူထု၏ ငလျင်ဆိုင်ရာသိမြင်နားလည်မှု ဆန်းစစ်ခြင်းတို့အပြင် ငလျင်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက် သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ECHO မှ Technical Expert ဖြစ်သူ Ms. Clementia Cantoni နှင့် UNDP မှ Deputy Country Director ဖြစ်သူ Ms. Dawn Del Rio တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတို့ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။