ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ (၈-၁၂-၂၀၁၇) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၉) စု၊ လူဦးရေ (၃၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၈၁,၉၀၀) ကျပ်တို့အား (၁၃-၁၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events