Author Archives: Hlaing ChoOo

  •   ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး“ကလေးသူငယ်များအားရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု (Campaign)” တက်ရောက်အမှာစကားပြောကြား

    နေပြည်တော်၊မတ် -၂၂ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အခြေခံ လူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူသားဂုဏ်သိက္ခာပြည့်ဝစွာရပ်တည်နိုင်ဖို့ မူဝါဒချမှတ် ဖော်ဆောင်လျှက်ရှိရာတွင်နိုင်ငံတော်၏လူမှုရေးဆိုင်ရာစိန်ခေါ်မှုများတွင်အပါအဝင်ဖြစ်သည့်ကလေးသူငယ်များအပေါ်ရုပ်ပိုင်းစိတ်ပိုင်းအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကိုရပ်တန့်အောင်မိမိတို့ဝန်ကြီးဌာန၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများ၊  World Vision၊Unicef စသည့်မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကလေး သူငယ် များအပေါ်အကြမ်းဖက်မှုပုံသဏ္ဍာန်များနှင့်ပတ်သက်ပြီး ပပျောက်အောင်ဆောင်ရွက်ရာတွင် အဓိက ကျသည့်အခြေခံအကြောင်းအရာများကိုရှာဖွေကြရမှာဖြစ်ကြောင်း၊မိမိတို့လိုဖွံ့ဖြိုးဖို့ကြိုးစားဆဲ၊ဆင်းရဲသည့်နိုင်ငံအနေဖြင့်ပြဿနာအကြောင်းအရာများစွာရှိသည့်အတွက်မိမိတို့ဝန်ကြီးဌာနအနေဖြင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေသစ်ကိုရေးဆွဲပြီးကလေးငယ်များကိုရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုမိသားစုအတွင်းတွင်လည်းကောင်း၊ စာသင်ကျောင်းများတွင်လည်းကောင်း၊ ကလေးသူငယ်များကိုပြုစုစောင့်ရှောက်ရာနေရာများ တွင်လည်းကောင်းဖြစ်ပွားလျက်ရှိရာသက်ဆိုင်ရာမိဘ၊ ဆရာနှင့်တာဝန်ရှိသူများကို ပညာပေးရန်လိုအပ်ပါ ကြောင်း၊ အထူးသဖြင့် ရိုက်နှက်ဆုံးမခြင်း၊ ကြမ်းတမ်းစွာပြောဆိုခြင်း၊ ပြုမူခြင်းတို့ဖြစ်ပါ ကြောင်း၊ လူမှု ကာကွယ် … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ လက်ပံစုကျေးရွာမှ ပြည်သူလူထု (၆၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်း စာစောင် များဖြန့်ဝေပေးခြင်းနှင့် ရေသန့်ဆေးထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • အမြင်မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအဖြစ် နက္ခတ်ဗေဒင်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိ

    ၁၁-၃-၂၀၁၈၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင့်တိုင်မျက်မမြင်ကျောင်း၏ နက္ခဗေဒင် သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကလူတိုင်းလူတိုင်းတွင် အခြေခံလူ့အခွင့်အရေးများရှိသဖြင့် မသန်စွမ်းများတွင် လည်း တန်းတူအခွင့်အရေးရှိပါကြောင်း၊ ကိုယ်ခန္ဓာမသန်စွမ်းခြင်း၊ ဉာဏ်ရည်မသန်စွမ်းခြင်း၊ အကြား အာရုံမသန်စွမ်းခြင်းနှင့် အမြင်အာရုံမသန်စွမ်းခြင်းများရှိသော်လည်း မသန်စွမ်းသူတိုင်းတွင် အခြားစွမ်း ဆောင် နိုင်မှုများရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပါအဝင် ပြည်သူများ အားလုံးပါဝင်ရန်လိုအပ်ကြောင်း၊ ထိုသို့ပါဝင်နိုင်ရန် မိမိဘဝရပ်တည်ရေးနှင့် အခြားသူများအတွက်ပါ အကျိုး ပြုနိုင်ရေး”မသန်သော်လည်းစွမ်းသောသူများ” ဖြစ်စေရန်လိုအပ်ကြောင်း၊ ထိုအတွက် အသက်မွေးဝမ်း … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် (၇-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၅၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၅၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀၉,၂၀၀) ကျပ်တို့အား (၈-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာအုပ်စု၊ အိုးဖိုကျေးရွာ၌ (၇-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂၀)၊ အိမ်ထောင်စု (၂၀) စုမှ လူဦးရေ (၁၀၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂၀) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၄,၂၀၀) ကျပ်နှင့် ဆယ်တန်းဖြေဆိုမည့် ကျောင်းသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၆၄,၂၀၀) … Read more

  • လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်း ကျေးရွာများတွင် ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၈-၃-၂၀၁၈) ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မြို့ခင်းသာကျေးရွာအုပ်စု၊ ထန်းပင်ကန်ကျေးရွာတွင် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေး လုပ်ငန်းများဖြစ်သော လူနေအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုများကို စစ်ဆေး၍ အိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများပေးအပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ပုညမုဒိတာ (ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်း)၊ ကျေးရွာနေပြည်သူများနှင့်အတူ ဆောင်ရွက် လျက်ရှိပါသည်၊၊ လေဘေးဒဏ်ခံနိုင်ရည်မရှိသော အဆောက်အဦးများအနေဖြင့် ၂၀၁၇ ခုနှစ်၊ မေလတွင်  … Read more

  • ကောလင်းမြို့နယ်ဦးစီးမှူးရုံးသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကောလင်းမြို့နယ် ဦးစီးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို (၆-၃-၂၀၁၈) နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကောလင်းမြို့နယ် ထွေ/အုပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌမှ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်းပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ကော့လင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့ မြောက်ပိုင်းရပ်ကွက် လယ်ပြင်လမ်း၌ (၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ် လျှင် (၂၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၁,၀၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး (၅) အိမ်ထောင်စာနှင့် လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၆,၂၀၀) ကျပ်တို့အား (၇-၃-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ရာနေရာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

Sign Up

Upcoming Events