ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်နှင့် ကာလိမြို့နယ်တို့အတွင်း လေပြင်းတိုက်ခတ်မှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုအခြေအနေ

10 9 8. 7 5 4 3 2 1

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်အတွင်း ရပ်ကွက်(၆)ခုနှင့် ကာလိမြို့နယ်အတွင်း ရပ်ကွက်(၄)ခုတို့၌ (၁၀-၃-၂၀၁၈) နေ့ (၁၆း၃၀) အချိန်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီး ကြွေကျခြင်းတို့ကြောင့် နေအိမ် (၄) လုံးပြိုကျပျက်စီးကာ နေအိမ် (၉၀) လုံး၊ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းနှင့် စာသင်ကျောင်း (၁) ကျောင်းတို့ အမိုးလန်ပျက်စီးခဲ့ပြီး လူ (၃) ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါ လေပြင်းဘေးသင့်ပြည်သူများအတွက် တန်ဖိုးငွေ(၁၆၁,၄၁၂) ရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းနှင့် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၉၅၈,၀၀၀) အား လည်းကောင်း၊ ဒဏ်ရာရရှိသူ(၃)ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀)နှုန်းဖြင့် (၁၅၀,၀၀၀)အား လည်းကောင်း၊ စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုးငွေ(၇,၂၆၉,၄၁၂) အား(၁၂-၃-၂၀၁၈)နေ့တွင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးသင့်ဒေသသို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events