ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ လက်ပံစုကျေးရွာမှ ပြည်သူလူထု (၆၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်း စာစောင် များဖြန့်ဝေပေးခြင်းနှင့် ရေသန့်ဆေးထုပ်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)