Author Archives: Hlaing ChoOo
-
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ တယ်ကုန်းအုပ်စုအတွင်း ကျေးရွာ (၇) ရွာအတွက် လေပြင်းဘေး ကြိုတင်ပြင်ဆင်ရန် လိုအပ်သော သွပ်နှင့် ထရံများကွင်းဆင်းဝယ်ယူမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ တယ်ကုန်းအုပ်စုအတွင်း ကျေးရွာ (၇) ရွာအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ကြံ့ခိုင်မှုအားနည်းသော အိမ်များကို ပြင်ဆင်ပေးရန် သွပ်နှင့် ထရံများ ကွင်းဆင်းဝယ်ယူခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ)သင်တန်း (၁/၂၀၁၈) ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်း (၁/၂၀၁၈) ကို ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း (၈၀) ဦးတက်ရောက် ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၃၁-၃-၂၀၁၈) ရက်နေ့အထိ သင်တန်းကာလ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက် နေ့တွင် ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ သင်တန်းသား/သင်တန်းသူ (၃၀) ဦးဖြင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအား ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုကာလဖြစ်ပွားတတ်သော လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြောကြားမှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ မြစ်ကျိုးအုပ်စုအတွင်းရှိ ကျေးရွာ (၄) ရွာ၊ အိမ်ခြေပေါင်း (၁၀၀) လုံးနှင့် တယ်ကုန်းအုပ်စုအတွင်းရှိ ကျေးရွာ (၇) ရွာ၊ အိမ်ခြေပေါင်း (၂၀၀) လုံးတို့အား မိုးကြိုကာလဖြစ်ပွားတက်သော လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ပရဟိတလူငယ်များနှင့် တွေ့ဆုံကာ ကျေးရွာကော်မတီဖွဲ့စည်း၍ ဆောင်ရွက်ရမည့်လုပ်ငန်း အဆင့်ဆင့်ကို အသေးစိတ်လမ်းညွှန်မှုများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား ပုသိမ်မြို့နယ် ရှမ်းကွင်း ကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးအဖွဲ့ ကျေးရွာပြည်သူ လူထု (၁၅၀) တို့နှင့်အတူ ကျင်းပခဲ့ပြီး ဦးစီးဌာနမှ ရေသန့်ဆေးထုပ်များ၊ ဘေး(၈)မျိုးပါ လက်ကမ်းစာစောင် များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့(၁၂း၃၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ဖျာပုံတမံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထု (၁၂၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး World Vesion မှ လှူဒါန်းသော ရေသန့်ဆေးထုပ်များကို ဖြန့်ဝေပေးခဲ့ပြီး သုံစွဲပုံ နည်း စနစ် များအား လက်တွေ့ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့(၁၀း၃၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ကျုံကူကျေးရွာအုပ်စု၊ အကြီးဝကျေးရွာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ပြည်သူလူထု (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး World Vesion မှ လှူဒါန်းသော ရေသန့်ဆေးထုပ်များကို ဖြန့်ဝေပေးခဲ့ပြီး သုံစွဲပုံ နည်းစနစ်များအား လက်တွေ့ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာများပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ ရပ်ကွက် (၃) နှင့် ရပ်ကွက် (၄) တို့တွင် လေပြင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ထာဝရဘိုးဘွားရိပ်သာတွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးဒုက္ခကြုံတွေ့ နေရသောအဘိုး၊ အဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီခြင်း
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် (၂၆-၃-၂၀၁၈)နေ့၊ (၁၃း၃၀) နာရီချိန်၌ တောမီး လောင်ကျွမ်းရာမှတစ်ဆင့် အုန်းခြံရပ်ရှိ ထာဝရဘိုးဘွားရိပ်သာသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဘိုးဘွားအိပ်ဆောင် (၂) ဆောင် မီးလောင်ကျွမ်းခဲ့ပြီးအဘိုး(၃)ဦးသေဆုံးခဲ့ကာအဘိုး (၂) ဦးဒဏ်ရာရရှိခဲ့ပြီး အဘိုး၊ အဘွားစုစုပေါင်း (၂၈) ဦးတို့ ဘေးဒုက္ခကြုံတွေ့နေရသဖြင့် လိုအပ်သည်များပံ့ပိုးပေးနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများက (၂၇-၃-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားရာ ထာဝရဘိုးဘွားရိပ်သာသို့သွားရောက်၍ ပံ့ပိုးကူညီမှုများပြုလုပ်ခဲ့ကြပါသည်။ ပံ့ပိုးကူညီမှုများပေးအပ်ခဲ့ရာတွင် ဘိုးဘွား … Read more
-
မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ သရက်မင်္ဂလာအာရှိတ်ဂျာကျေးရွာမှ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈) ရက်နေ့တွင် UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ပံ့မှုအကူအညီများ အဆက်မပြတ်စေရေးအတွက် မောင်တောမြို့နယ်၊ သရက်အုပ် ကျေးရွာအုပ်စု၊ သရက်မင်္ဂလာအာရှိတ်ဂျာကျေးရွာမှ အိမ်ထောင်စု (၂၃၃) စု၊ လူဦးရေ (၂၄၈၇) ဦးအတွက် ဆန် (၇၇၇) အိမ်၊ (၄) ပြည် (၄) ဘူး၊ ဆီ (၉၃၂.၆၂၅) ပိဿာ၊ ပဲ (၃၇၃၀.၅) ပိဿာနှင့် ဆား (၁၈၆.၅၂၅) ပိဿာတို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
