ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့(၁၂း၃၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ဖျာပုံတမံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူလူထု (၁၂၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး World Vesion မှ လှူဒါန်းသော ရေသန့်ဆေးထုပ်များကို ဖြန့်ဝေပေးခဲ့ပြီး သုံစွဲပုံ နည်း စနစ် များအား လက်တွေ့ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာများ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)