ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈) ရက်နေ့တွင် UEHRD စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (၅) ကြိမ်မြောက်နှင့် (၆) ကြိမ်မြောက်အကြား လူသားချင်းစာနာထောက်ပံ့မှုအကူအညီများ အဆက်မပြတ်စေရေးအတွက် မောင်တောမြို့နယ်၊ သရက်အုပ် ကျေးရွာအုပ်စု၊ သရက်မင်္ဂလာအာရှိတ်ဂျာကျေးရွာမှ အိမ်ထောင်စု (၂၃၃) စု၊ လူဦးရေ (၂၄၈၇) ဦးအတွက် ဆန် (၇၇၇) အိမ်၊ (၄) ပြည် (၄) ဘူး၊ ဆီ (၉၃၂.၆၂၅) ပိဿာ၊ ပဲ (၃၇၃၀.၅) ပိဿာနှင့် ဆား (၁၈၆.၅၂၅) ပိဿာတို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ဘစမ)