သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ)သင်တန်း (၁/၂၀၁၈) ဖွင့်လှစ်မှုသတင်း

 

29 Pic 02 29 Pic 03ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (မွမ်းမံ) သင်တန်း (၁/၂၀၁၈) ကို ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း (၈၀) ဦးတက်ရောက် ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၃၁-၃-၂၀၁၈) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ဖြင့် ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events