ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ထာဝရဘိုးဘွားရိပ်သာတွင် မီးလောင်ကျွမ်းမှုကြောင့် ဘေးဒုက္ခကြုံတွေ့ နေရသောအဘိုး၊ အဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီခြင်း

 

28 Pic 02

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် (၂၆-၃-၂၀၁၈)နေ့၊ (၁၃း၃၀) နာရီချိန်၌ တောမီး လောင်ကျွမ်းရာမှတစ်ဆင့် အုန်းခြံရပ်ရှိ ထာဝရဘိုးဘွားရိပ်သာသို့  မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဘိုးဘွားအိပ်ဆောင် (၂) ဆောင် မီးလောင်ကျွမ်းခဲ့ပြီးအဘိုး(၃)ဦးသေဆုံးခဲ့ကာအဘိုး (၂) ဦးဒဏ်ရာရရှိခဲ့ပြီး အဘိုး၊ အဘွားစုစုပေါင်း (၂၈) ဦးတို့ ဘေးဒုက္ခကြုံတွေ့နေရသဖြင့် လိုအပ်သည်များပံ့ပိုးပေးနိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများက (၂၇-၃-၂၀၁၈) ရက်နေ့တွင် ဘေးဖြစ်ပွားရာ ထာဝရဘိုးဘွားရိပ်သာသို့သွားရောက်၍ ပံ့ပိုးကူညီမှုများပြုလုပ်ခဲ့ကြပါသည်။

ပံ့ပိုးကူညီမှုများပေးအပ်ခဲ့ရာတွင် ဘိုးဘွား (၂၈) ဦးအတွက် ငွေကျပ် (၃၇၁,၂၀၀ိ/-)တန်ဖိုးရှိ အသုံးအဆောင် ပစ္စည်းများ၊ ငွေကျပ် (၅၀၄,၀၀၀ိ/-)တန်ဖိုးရှိ အရေးပေါ်စားနပ်ရိက္ခာများ၊ သေဆုံးအဘိုး (၃) ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀ိ/-)၊ ဒဏ်ရာရအဘိုး (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ အသက်(၁၀၂)နှစ် ရှိ အဘွား(၁)ဦးအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) တို့အပါအဝင် စုစုပေါင်း ပစ္စည်းနှင့်ငွေသား (၁,၉၂၅,၂၀၀ိ/) (တစ်ဆယ့်ကိုးသိန်းနှစ်သောင်းငါးထောင့်နှစ်ရာကျပ်တိတိ) အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events