ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၈) ရက်နေ့(၁၀း၃၀) နာရီအချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ ကျုံကူကျေးရွာအုပ်စု၊ အကြီးဝကျေးရွာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် ပြည်သူလူထု (၁၅၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး World Vesion မှ လှူဒါန်းသော ရေသန့်ဆေးထုပ်များကို ဖြန့်ဝေပေးခဲ့ပြီး သုံစွဲပုံ နည်းစနစ်များအား လက်တွေ့ပြသခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာများပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)