ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ မြစ်ကျိုးအုပ်စုအတွင်းရှိ ကျေးရွာ (၄) ရွာ၊ အိမ်ခြေပေါင်း (၁၀၀) လုံးနှင့် တယ်ကုန်းအုပ်စုအတွင်းရှိ ကျေးရွာ (၇) ရွာ၊ အိမ်ခြေပေါင်း (၂၀၀) လုံးတို့အား မိုးကြိုကာလဖြစ်ပွားတက်သော လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ပရဟိတလူငယ်များနှင့် တွေ့ဆုံကာ ကျေးရွာကော်မတီဖွဲ့စည်း၍ ဆောင်ရွက်ရမည့်လုပ်ငန်း အဆင့်ဆင့်ကို အသေးစိတ်လမ်းညွှန်မှုများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)