Author Archives: Hlaing ChoOo

  • လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၈) ရက် နေ့တွင် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ သပြေကုန်းနှင့် ထိန်ပင်ကျေးရွာအုပ်စုများတွင် လေပြင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ တယ်ကုန်းအုပ်စု၊ တယ်ကုန်းကျေးရွာ၌ ပြည်သူလူထု (၅၅) ဦးအား သဘာဝ ဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့ တွင် မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ သက္ကထီးကျေးရွာ၌ ပြည်သူလူထု (၇၀) ဦးခန့်အား သဘာဝဘေး အသိပညာပေးခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆပ်ပြာမှုန့်ထုပ်များဝေငှပေးခြင်း၊ ရေသန့်ဆေး (၂၄၀) ထုပ်ပါ (၃) ဘူး ပေးအပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့ တွင် မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ ကဟန်းကျေးရွာ၌ ပြည်သူလူထု (၈၀) ဦးခန့်အား သဘာဝဘေး အသိပညာပေးခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေး ဟောပြောခြင်း၊ ရေသန့်ဆေး (၂၄၀) ထုပ်ပါ (၃) ဘူး ပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေငှ ပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောင်းသာကျေးရွာ၊ အမှတ် (၂) ရပ်ကွက်တွင် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် Unicef Family Kits (၂၆) မျိုးပါ (၁) ပုံး (၈၂,၀၀၀ိ/-)၊ ပလပ်စတစ်ပုံး (၁) ပုံး (၆၁၅၀ိ/-)၊ ဆန်ရိက္ခာ (၇) … Read more

  • လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ကနီမြို့နယ်လွှတ်တော် ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီ မြို့နယ်၊ အုမ္မကျးရွာနှင့် ညောင်ပင်ဝန်းကျေးရွာတို့တွင် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ ၃/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးကျင်းပ

    ၂၉-၃-၂၀၁၈ ၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၃/၂၀၁၈ ကြိမ်မြောက်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နေ့လည် (၁၄:၀၀) နာရီတွင် ကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြု ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အတွင်းရေးမှူး နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား Mr. David Liu ဦးဆောင်သော Myanmar Blue Sky Rescue Council အဖွဲ့နှင့် Centre for Humanitarian Dialogue မှ CountryRepresentative ဖြစ်သူ Mr. Adam Cooper နှင့်အဖွဲ့တို့မှ သီးခြားစီလာရောက်တွေ့ဆုံ

    ၂၉-၃-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Mr. David Liu နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Blue Sky အဖွဲ့အစည်း၏ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ၂၀၀၇ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံတွင် အကြီးဆုံးပုဂ္ဂလိက အဖွဲ့အစည်းဖြစ်ပြီးနိုင်ငံပေါင်း (၇) နိုင်ငံတွင် ဘေးအန္တရာယ်ဆိုင်ရာနှင့် ကယ်ဆယ်ရေးဆိုင်ရာလုပ်ငန်းများ၊ သင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဆောင်ရွက် နေသူများအားအရည်အသွေးမြှင့်တင်ရေးကိစ္စရပ်များ ဝန်ကြီးဌာနမှဖွင့်လှစ်ထားသော … Read more

Sign Up

Upcoming Events