ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၈) ရက် နေ့တွင် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ သပြေကုန်းနှင့် ထိန်ပင်ကျေးရွာအုပ်စုများတွင် လေပြင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)