ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၃-၂၀၁၈) ရက်နေ့ တွင် မြိတ်မြို့နယ်၊ ကဟန်းကျေးရွာအုပ်စု၊ သက္ကထီးကျေးရွာ၌ ပြည်သူလူထု (၇၀) ဦးခန့်အား သဘာဝဘေး အသိပညာပေးခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဆပ်ပြာမှုန့်ထုပ်များဝေငှပေးခြင်း၊ ရေသန့်ဆေး (၂၄၀) ထုပ်ပါ (၃) ဘူး ပေးအပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)