မီးဘေးထောက်ပံ့မှုသတင်း

 

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောင်းသာကျေးရွာ၊ အမှတ် (၂) ရပ်ကွက်တွင် (၂၉-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် Unicef Family Kits (၂၆) မျိုးပါ (၁) ပုံး (၈၂,၀၀၀ိ/-)၊ ပလပ်စတစ်ပုံး (၁) ပုံး (၆၁၅၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၀,၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၁၀,၅၀၀ိ/-)ကျပ်တို့အား (၃၀-၃-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events