Author Archives: Hlaing ChoOo
-
ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပြည်သူလူထု စုစုပေါင်း (၁၁၀) ဦးခန့်အား ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးကျေးရွာ၌ (၂၅-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၃) ၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ (၂၆)မျိုးပါ Family Kit (၃) အိမ်ထောင်စာ၊ ပလပ်စတစ်ပုံး (၃) ပုံးနှင့် ဆန်ရိက္ခာဖိုးငွေ (၃၁,၅၀၀ိ/-) ကျပ်တို့အား (၂၅-၄-၂၀၁၈) ရက်နေ့တွင် ချက်ချင်းသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သရက်မြို့နယ်၊ကြိုးကြာကျေးရွာအုပ်စု၊ လျော်တောင်ကျေးရွာနှင့် ယင်းတောကျေးရွာ လေဘေး ထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု၊ လျော်တောင်ကျေးရွာနှင့် ယင်းတောကျေးရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့ (၁၆း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၄)လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၃၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၄,၅၀၀ိ/-)ကျပ်နှင့် ဓမ္မရုံ (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်တို့အား … Read more
-
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ပန်းမြိုင်စုံရပ်ကွက် မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ၊ ပန်းမြိုင်စုံရပ်ကွက်၌ (၂၂-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅)ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ Family Kit (၁)စုံနှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀,၅၀၀ိ/-) ကျပ်တို့အား (၂၅-၄-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းကွင်းသစ်ကျေးရွာ လေဘေး ထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းကွင်းသစ်ကျေးရွာ၌ (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁,၀၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးတို့အား (၂၅-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာ အနောက်ကောက်ကုန်း လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာ အနောက်ကောက်ကုန်း၌ (၂၀-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးတို့အား (၂၅-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကြံခင်းမြို့နယ်၊ အုပ်စု (၄) စုအတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ အုပ်စု (၄) စုအတွင်းရှိ ကျေးရွာခွဲ (၁၂) ရွာ၌ (၂၃-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၆) လုံး၊ အမိုးလန် (၅၅) လုံး၊ စုစုပေါင်း အိမ်ခြေ (၇၁) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၅၅) အိမ်ထောင်စာ၊ ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး (၁၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄,၀၁၀,၀၀၀ိ/-) ကျပ်၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအစည်း အဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်၍ပြုလုပ်သော မီးငြိမ်းသတ်နိုင်ရေးပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခြင်း နှင့် မီးခိုးငွေ့များကြောင့် အသက်ရှုကြပ်ဝေဒနာခံစားရကာ ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေရသူ လူနာ (၁၃) ဦးအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး လူနာ (၁) ဦးချင်းစီအတွက် ထောက်ပံ့ငွေများပေးအပ်
၂၅-၄-၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နေ့လည်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးအစည်း အဝေးခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်၍ပြုလုပ်သော မီးငြိမ်းသတ်နိုင်ရေးပေါင်းစပ်ညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဝန်ကြီးချုပ်မှ မီးငြိမ်းသတ်ရေး၊ မီးခိုးငွေ့ များ လျော့နည်းပပျောက်စေရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေရေး ပြည်သူများ ကျန်းမာရေး ထိခိုက်မှုမရှိစေရေးတို့အတွက် အလေးထားဦးတည်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နေ့ညဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် မီးငြိမ်းသတ်ရန် လိုအပ်သော Bio Foamများ ဝယ်ယူရန် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေကို … Read more
-
လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စုအတွင်းရှိ လေဘေးသင့်ကျေးရွာများအား ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ရေလည်ကွေ့ကျေးရွာ၊ မြို့သစ်ရွာ၊ ရွာမရွာ၊ ဇေယျသိမ် ကျေးရွာတို့၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၇) အိမ်ထောင် စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၁၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၆၂) … Read more
-
ပန်းတနော်မြို့နယ်၊ အိုးဘိုကျေးရွာအုပ်စုနှင့် မိုးကုတ်ကျေးရွာအုပ်စုအတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ အိုးဘိုကျေးရွာအုပ်စုနှင့် မိုးကုတ်ကျေးရွာအုပ်စုများ၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော ပြိုကျ နေအိမ် (၉) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၃) လုံး၊ စုစုပေါင်း နေအိမ် (၄၂) လုံး၊ အိမ်ထောင်စု (၄၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၅၅,၀၀၀ိ/-) ကျပ်၊ ပြိုကျ နေအိမ် (၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၉) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်း ပျက်စီး … Read more
