ပန်းတနော်မြို့နယ်၊ အိုးဘိုကျေးရွာအုပ်စုနှင့် မိုးကုတ်ကျေးရွာအုပ်စုအတွင်းရှိ လေဘေးသင့် အိမ်ထောင်စုများ အတွက် ထောက်ပံ့မှုသတင်း

24 Pic 02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ အိုးဘိုကျေးရွာအုပ်စုနှင့် မိုးကုတ်ကျေးရွာအုပ်စုများ၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ခဲ့သော ပြိုကျ နေအိမ် (၉) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၃) လုံး၊ စုစုပေါင်း နေအိမ် (၄၂) လုံး၊ အိမ်ထောင်စု (၄၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၅၅,၀၀၀ိ/-) ကျပ်၊ ပြိုကျ နေအိမ် (၉) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၉) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ် (၃၃) လုံအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၃၃) အိမ်ထောင်စာနှင့် လူဦးရေ (၁၇၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၆၃,၃၀၀ိ/-) ၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၈၁၈,၃၀၀ိ/-) ကျပ်တို့အား (၂၄-၄-၂၀၁၈) နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events